Thursday, April 2, 2026

Vocabulary လေ့လာနည်း

 (တကယ်တတ်ချင်ရင် သေချာဖတ်ပါ။ Share လေးနှိပ်လိုက်ရုံနဲ့ မပြီးပါဘူး။ Vocabulary လေ့လာနည်းကို မေးသူရှိလို့ ထပ် တင်ပေးလိုက်ပါတယ်။)


It pays to increase your word power.
ဝေါဟာရတိုးပွား အကျိုးများ၏။

အင်္ဂလိပ်စာကို အခြေခံမှ စလေ့လာနေကြတဲ့ စာသင်သားတွေ တွေ့ကြရတဲ့ အခက်အခဲများထဲမှ တစ်ခုကတော့ vocabulary problem ပါ။ ဝတ္ထုတို တစ်ပုဒ်၊ သတင်းဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရင် ကိုယ်မသိသေးတဲ့ စကားလုံးတွေများလှတာကြောင့် လိုရင်းမရောက် အဓိပ္ပါယ်မပေါက်ဖြစ်နေတတ်ကြတယ်။ စာဖတ်ရင်းနဲ့ ကိုယ်မသိတဲ့ vocabulary words တွေများလိုက်တာ။ ဒီအခက်အခဲကို ဘယ်လိုဖြတ်ကျော်ရမလဲ။

စာဖတ်နေရင်းနဲ့ တွေ့သမျှ စကားလုံးအသစ်တွေကို Dictionary ထဲ ရှာကြည့်ရမှာလား။ ဆရာတော်တော်များများကတော့ ဒီအကျင့်ကို အားမပေးကြပါဘူး။ မသိတဲ့ စကားလုံးတိုင်းကို Dictionary ထဲလှန် အဓိပ္ပါယ်ရှာကြည့်နေရင် ဒီစာဖတ်တဲ့ အလုပ် ခရီးတွင်မှာမဟုတ်လို့ စကားလုံးတော်တော်များများကို (guess work) context ပေါ်မှာကြည့်ပြီး အဓိပ္ပါယ်ကို ခန့်မှန်းကြည့်ပြီး ဆက်ဖတ်ပါ။ အရေးကြီးတယ်လို့ ယူဆရတဲ့ စကားလုံးအချို့ကိုသာ Dictionary ဖွင့်ကြည့်ပါလို့ အကြံပေးတတ်ကြပါတယ်။

ကျွန်တော် ငယ်စဉ်က အင်္ဂလိပ်စာအုပ်တွေဖတ်ရင်တော့ ကိုယ်ပိုင်စာအုပ်ဆိုရင် မသိတဲ့ words and experssions တွေကို ခဲတံနဲ့လိုင်းသားပြီး ပထမတစ်ခေါက် ခပ်သွက်သွက်ဖတ်သွားတယ်။ ပြီးရင် Dictionary ကြည့်တယ်။ စကားလုံးအသစ်တွေရဲ့ အဓိပ္ပါယ်ကို မှတ်စုစာအုပ်ထဲ ကူးရေးတယ်။ ပြီးတော့မှ အဲဒီ စာကိုနောက်တစ်ခေါက် ထပ်ဖတ်ပါတယ်။

Vocabulary တိုးစေဖို့ စာများများဖတ်ရမယ်။ စာမျိုးစုံဖတ်မှ စာဖတ်နာမှလည်း အကြောင်းအရာ topic နဲ့ အခြေအနေ situation/context ပေါ် မူတည်ပြီး အသုံးပြုကြတဲ့ vocabulary words, usages နဲ့ collocations တွေကို တွေ့ကြုံနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ စာ နာနာဖတ်ခြင်းမှရတဲ့ ဝေါဟာရကြွယ်ခြင်း အကျိုးအမြတ်ပါ။

နောက်တစ်ခုလုပ်သင့်တာက Vocabulary တိုးချင်ရင် active, deliberate learning လုပ်ခြင်းပါပဲ။ Dictionary ကို ရသစာအုပ်တစ်အုပ်လို ကျွန်တော် ဖတ်တဲ့အကျင့်ရှိကြောင်း ဟိုတလောက post တစ်ခုရေးခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ active vocabulary learning ဆိုတာ Reading လုပ်ရင်း ဝေါဟာရလေ့လာတာမဟုတ်။ တမင်ကို ဝေါဟာရအသစ်တွေကို ရှာဖွေ ကျက်မှတ်တာ။ ဥပမာ Dictionry ကို ကြုံရာ စာမျက်နှာကိုလှန်။ ကိုယ်မသိသေးတဲ့ စကားလုံး ၅ လုံး နေ့စဉ်ရှာ။ အဲဒီ ၅ လုံးကို အဓိပ္ပါယ်နဲ့ White borad လေးပေါ်ရေးထား။ တစ်နေကုန် အိမ်မှာရှိနေသမျှအချိန် အဲဒီ White board နားရောက်တာနဲ့ အဲဒီ ဝေါဟာရ ၅ လုံးရဲ့ English to English definitions ကို ခဏခဏဖတ်၊ အလွတ်ရသည်အထိမှတ်။ ညအိပ်ခါနီး ပြန်စဉ်းစားကြည့်။ မှတ်မိရဲ့လား review လုပ်ကြည့်။ ကျွန်တော်ကျောင်းသားဘဝက နေ့စဉ် နှစ်နဲ့ချီပြီး လုပ်ခဲ့တဲ့ active vocabulary learning ပုံစံတစ်ခုပါ။ ကြာလာသည်နှင့်အမျှ စကားလုံးတွေပိုသိ၊ စာဖတ်တဲ့ speed လည်း ပိုမြန်လာပြီး Reading comprehension လည်း ပိုကောင်းလာတာပေါ့။
Vocabulary size is directly linked to reading comprehension. ဆိုတာ လူပြိန်းတောင် သိတဲ့အချက်လေးပါပဲ။

အင်္ဂလိပ်စာကို ဖတ်တော့ နားမလည်၊ နားမလည်တော့ စိတ်ဓာတ်ကျပြီး ထပ်မဖတ်တော့ စာနဲ့ ကိုယ်နဲ့ ပိုဝေးသွားကြတော့မှာပေါ့။ စာဖတ်ချင်တယ်၊ နားလည်ချင်တယ်ဆိုရင် မဖြစ်မနေလုပ်ဖို့လိုတာကတော့ ဝေါဟာရတွေများများသိအောင် active learning မှတဆင့် rich vocabulary bank ကို တည်ဆောက်ယူပါလို့ တိုက်တွန်းပါရစေ။ Vocabulary တိုးအောင် ရည်ရွယ်ပြီးရေးထားတဲ့ အင်္ဂလိပ်စာအုပ်တွေလည်း အများကြီးရှိပါတယ်။ Merriam Webster's ကထုတ်တဲ့ Vocabulary Builder စာအုပ်ဟာ တော်တော်ကောင်းပါတယ်။ "30 Days to a More Powerful Vocabulary" "Word Power Made Easy" စသည့်စာအုပ်ကောင်းတွေ ရန်ကုန်က library တွေ၊ စာအုပ်ဆိုင်တွေမှာ တွေ့ပါတယ်။ အကုန်ကောင်းကြတယ်။ စကားလုံးတွေကို အုပ်စုခွဲပြီးလေ့လာပုံ၊ prefix, suffix တို့ကို အခြေပြုလေ့လာပုံ၊ သူတို့ရဲ့ မူလဘာသာစကား Latin, Greek, German, French စသည်ဖြင့် ပိုင်းခြားလေ့လာပုံ စသည်ဖြင့် လေ့လာနည်းများ၊ ဖြတ်လမ်းများ၊ လေ့ကျင့်ခန်းများ အစုံအလင်ပါတဲ့ စာအုပ်ကောင်းတွေမို့ ဝယ်ဖတ် လိုက်နာ လေ့ကျင့်သင့်ပါတယ်။

ဆက်ပြောပြချင်တာက စာအုပ်လေးတစ်အုပ်အကြောင်း။
ပြီးခဲ့တဲ့ weekend က ဘန်ကောက် Central World ရှိ Asia Book မှာ Gyles Brandreth ရေးတဲ့ "Have You Eaten Grandma?" ဆိုတဲ့ စာအုပ်အသစ်လေး မြည်းကြည့်တာ ကြိုက်လို့ ဝယ်ခဲ့တယ်။ Gyles Brandreth ဆိုသူဟာ သာမန် စာရေးသူ scholar တစ်ယောက်မဟုတ်ပါဘူး။ သူဟာ စွယ်စုံရ အနုပညာရှင်တစ်ဦးလည်းဖြစ်တယ်။ သူ့အကြောင်းဖတ်ကြည့်မှ သူဟာ an English theatre producer, actor, politician (an MP), journalist, author, TV presenter and the Chancellor of the University of Chester တဲ့။ Oxford Dictionary of Humorous Quotations ကို ပြုစုသူ။ UK မှာ အကောင်းဆုံး Oxford University မှာ ပညာသင်ယူခဲ့သူပါ။ သူ့အကြောင်းနဲ့ သူ့စာအုပ်ကို ပြောပြနေရခြင်းအကြောင်းက အဲဒီစာအုပ်ထဲမှာ ဝေါဟာရတွေများများသိအောင် ဘယ်လိုလေ့လာသင့်ကြောင်းကို နည်းလမ်း ၆ ခု သူအကြံပြုထားတာဟာ ကိုယ်ငယ်စဉ်က လေ့လာခဲ့တဲ့ပုံစံမျိုးတွေဖြစ်လို့၊ ကိုယ့်သဘောနဲ့ အတော်တိုက်ဆိုင်လို့ စာသင်သားတို့နဲ့ မျှဝေပေးချင်တာကြောင့်ပါ။

သူအကြံပေးထားတာကို မြန်မာလို လိုရင်းကို ဘာသာပြန်ပေးလိုက်ပါတယ်။ သူ့ရဲ့ မူရင်း အင်္ဂလိပ်စာကိုလည်း ဖော်ပြပေးထားတယ်။ မူရင်းကိုပါ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။ သူအကြံပေးထားတာကို လိုက်လုပ်ကြည့်ကြပါ။ အကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

1. Go word hunting.
Gyles ပထမဆုံးပေးတဲ့ အကြံက Go word hunting.
ဝေါဟာရ အမဲလိုက်ထွက်ပါတဲ့။ ဆိုလိုတာက vocabulary အသစ်တွေကို တမင်လိုက်ရှာပြီး လေ့လာပါတဲ့။ စကားပြောကောင်းသူ၊ စကားလုံးတွေကို ပြောင်မြောက်ထိမိအောင် သုံးတတ်သူတွေ စကားဘယ်လိုပြောသလဲ နားထောင်ပါ။ သူတို့ သုံးလိုက်တဲ့ ဝေါဟာရတွေကို မှတ်စုရေး၊ အဘိဓာန်မှာ အဓိပ္ပါယ်ကြည့်၊ ကိုယ်တိုင်လည်း ပြောတဲ့အခါ၊ စာရေးတဲ့အခါမှာ အဲဒီစကားလုံးတွေကို သုံးဖြစ်အောင် တမင်ထည့်သုံးပါတဲ့။ အဲဒီလို တမင်ထည့်သုံးလိုက်မှ passive vocabulary (အဓိပ္ပါယ်ကိုသာ သိသော စကားလုံး)ဟာ active vocabulary (မိမိကိုယ်တိုင် ဝါကျထဲတွင် မှန်ကန်အောင် အသုံးပြုနိုင်သော စကားလုံး) အဆင့်သို့ တက်ရောက်သွားမှာဖြစ်လို့ပါ။ မူရင်းကို ဆက်ဖတ်ကြည့်ပါ။

Actively search out new, useful, and interesting words. Listen to people who have ways with words that you admire and make a note of the words they use that intrigue, surprise, or impress you. Note down the words, check them out in a dictionary, start slipping them into your own conversation and writing.

2. Talk to all kinds of people.
လူမျိုးစုံနဲ့ စကားပြောပါတဲ့။ လူကြီးတွေနဲ့ပြော၊ လူငယ်တွေနဲ့လည်းပြောပါ။ အလွှာပေါင်းစုံမှ အလုပ်အကိုင်မျိုးစုံလုပ်သူတွေနဲ့ စကားပြောပါ။ နိုင်ငံခြားသား မျိုးစုံနဲ့ စကားပြောပါ။ သူတို့ဆီမှ စိတ်ဝင်စားစရာ စကားလုံးအသစ်များကို မှတ်စုစာအုပ်ထဲမှတ် ဆက်လေ့လာပါတဲ့။ မူရင်းအပြည့်အစုံကို ဖတ်ကြည့်ပါဦး။

Talk to people from older and younger generations; talk to people from different professions and walks of life; talk to people from different English-speaking countries and diferent parts of the British Isles. Keep a notebook in which you can record the words you hear that interest you. For example, last week I overheard one of my daughters use a word I'd not heard before. She said she was 'hangry' -- angry because she was hungry.

3. Go dictionary dipping.
အဘိဓာန်ထဲမှ နှိုက်ယူပါတဲ့။
ဒါကတော့ ကျွန်တော် ဆောင်းပါးအတိုလေး ရေးပေးပြီးသား နည်းတစ်ခုပါ။
ကြိုက်ရာ အဘိဓာန်တစ်အုပ်ကိုယူ၊ ကြုံရာ စာမျက်နှာတစ်ခုကိုလှန်လိုက်၊ စကားလုံးတစ်ခုကို လက်ညှိုးနဲ့ထောက်လိုက်ပါ။ သိပြီးသား စကားလုံးဖြစ်နေရင် ကောင်းတာပေါ့။ ဒီလိုပဲ လက်နဲ့ ဆက်ထောက်ကြည့်၊ မသိတဲ့ စကားလုံးကိုမှတ်။ မှတ်စုစာအုပ်ထဲလည်း ကူး။ ဒီနေ့ ၂၄ နာရီအတွင်းမှာ အဲဒီစကားလုံးအသစ်ကို ဘယ်နည်းနဲ့မဆို တစ်နည်းမဟုတ်တစ်နည်း ကိုယ်တိုင် ပြန်အသုံးချဖြစ်အောင် သုံးပါ။ ပြောရာမှာဖြစ်စေ၊ ရေးရာမှာဖြစ်စေ တမင်ထည့် အသုံးပြုပါတဲ့။ သူရေးထားတဲ့ မူရင်း text ကို ဆက်ဖတ်ကြပါ။

Find a dictionary, open it at random, and point to a word. If you already know it, great. If you don't, read on, master the word you've found, and then find a way of using it -- somehow! anyhow! -- within the next twenty-four hours. I collect dictionaries -- I have scores of them, ancient and modern -- so this is an easy game for me to play. For example, I have just opened my copy of the Penguin Dictionary of Curious and Interesting Words and my finger landed on "moil": verb, 'to churn, to work woefully, to drudge with dread.' You know the feeling?

4. Read. Read everything and anything.
ဒီတစ်ချက်ကတော့ အထူးပြောပြနေစရာ မလိုပါဘူး။ ဝေါဟာရကြွယ်ဖို့ အရေးကြီးဆုံးနဲ့ အကောင်းဆုံးလုပ်ရမယ့် အရာကတော့ စာဖတ်ခြင်းပါပဲ။ စာကို တွေ့သမျှစာ လိုက်ဖတ်ပါ။ စာစုံအောင် ဖတ်ပါတဲ့။ အင်္ဂလိပ်စာပေမှာ အထူးသဖြင့် ဖတ်သင့်တဲ့ စာရေးဆရာနာမည်တွေကိုလည်း သူက စာရင်းတို့ထားပါတယ်။ ကဗျာတွေလည်း ဖတ်ပါ။ သီချင်းစာသားတွေကိုလည်း ဖတ်ပါ။ ဘာကိုမှ အလွတ်မပေး စာစုံအောင်ဖတ်ဖို့ အကြံပေးထားတာကို ဆက်ဖတ်ကြည့်ပါ။

Read writers who write beautifully: Jane Austin, Virginia Woolf, Elizabeth Taylor. Read writers who do wonderful things with words: Charles Dickens, P.G.Wodehouse, Jonathan Franzen. Read poetry. Read song lyrics. Read the rappers. Read the Doncaster Primary Care Health Trust's Glossary of Yorkshire Medical Terms. That's where I discovered that "Barnsley's at home" is a euphemism for 'menstruation' and "sparrow" and "sixpence" euphemisms for the male and female private parts.

5. နံပါတ်၅ မှာ အကြံပေးထားတာကတော့ ကျွန်တော်တို့ English major တက်ခဲ့စဉ်က အတန်းဖော် သူငယ်ချင်းတွေနဲ့ တကယ်လုပ်ဖြစ်ခဲ့တာလေးပါ။ ကျောင်းသားဘဝ အင်္ဂလိပ်စာ စဖတ်ချိန်မှာ Reader's Digest မဂ္ဂဇင်းတွေကို စွဲမြဲစွာဖတ်ခဲ့ပါတယ်။ Reader's Digest မဂ္ဂဇင်းမှာပါတဲ့ "It Pays to Increase Your Word Power" ဆိုတဲ့ vocabulary လေ့လာရေး ကဏ္ဍဟာလည်း ကျွန်တော်တို့ မလွတ်တမ်း ဖတ်၊ မှတ်၊ လေ့ကျင့်ခဲ့ရတဲ့ special feature of the magazine ပါပဲ။ ဒါကို စာရေးသူက Reader's Digest မဂ္ဂဇင်း အဟောင်းတွေကို ရှာပြီး အဲဒီ Vocabulary section ကိုဖတ်ကာ ဝေါဟာရကြွယ်အောင်လုပ်ဖို့ အကြံပေးထားပုံကို ဆက်ဖတ်ကြည့်ကြပါ။

Find back numbers of the Reader's Digest, founded in 1920, and for many years the world's best-selling magazine. 'It Pays to Increase Your Word Power' was one of the magazine's most popular and successful features. It was from it that I discovered the word "tergiversate", meaing 'to be debiberately ambiguous or unclear in order to mislead'. According to Reader's Digest, use the verb 'when you need a fancy way to describe someone who's beating around the bush, or being deliberately unclear'. A politician who really doesn't want to answer a reporter's question is likely to 'tergiversate', or talk and talk without ever taking a definitive stand. Your relatives may even 'tergiversate' at holiday gatherings when uncomfortable topics come up. The Latin root word, 'tergiversari', literally means 'to turn one's back', or more figuratively, 'to be evasive'.

6. Play word games.
နောက်ဆုံး လုပ်ရန်အကြံပြုထားတာကတော့ ဝေါဟာရကြွယ်ဖို့ Crossword, Scrabble စသည့် word games တွေကို ကစားပါတဲ့။ ဒီ game တွေ ကစားရင်းနဲ့ တွေ့လာရတဲ့ ကိုယ်မသိသေးသော စကားလုံးများကို အဘိဓာန်ကြည့်ပြီးရင် မှတ်စုစာအုပ်ထဲ ကူးမှတ်ပါတဲ့လေ။ မူရင်း text ကိုလည်း ဖတ်ကြည့်ပါ။

Do crosswords. Solve word puzzles. Watch 'Countdown' and play along. Play Scrabble -- and when you come across a word you don't know (or aren't sure about), check it out and make a note of it in your personal word book.

နိဂုံးချုပ်ပြောချင်တာလေးက အင်္ဂလိပ်လို စာဖတ်မြန်ဖို့၊ စာဖတ်ရင် နားလည်ဖို့၊ အပြောကောင်းဖို့၊ စာအရေးအသား တိကျကောင်းမွန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ a rich vocabulary ဝေါဟာရကြွယ်ဝမှုကို ပိုင်ဆိုင်နိုင်ဖို့ စာဖတ်ခြင်းနှင့်အတူ အထက်မှာရေးထားတဲ့ active vocabulary learning strategies များကိုလည်း အသုံးချသင့်ပါတယ်လို့ တိုက်တွန်းပါရစေ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Monday, March 23, 2026

ဖုန်းပြောရင်း တစ်ဖက်လူပြောတာကို နားမလည်လို့ "Yes" ပဲ ထပ်ခါထပ်ခါ ပြောနေရတဲ့ သံသရာကနေ ရုန်းထွက်ကြမယ်!

 ဖုန်းပြောရင်း တစ်ဖက်လူပြောတာကို နားမလည်လို့ "Yes" ပဲ ထပ်ခါထပ်ခါ ပြောနေရတဲ့ သံသရာကနေ ရုန်းထွက်ကြမယ်!

========

"I Want Doctor" လို့ ပြောလိုက်ရင် ဘာဖြစ်သွားမလဲ?

နိုင်ငံခြားကို ရောက်နေတယ် ဆိုပါစို့။ ဆေးခန်းပြဖို့ ဖုန်းဆက်ပြီး အချိန်ချိန်းရမယ်။ ဖုန်းခေါ်လိုက်တော့ တစ်ဖက်က ကိုင်လာတယ်။

တစ်ဖက်: "Good morning, City Medical Center. How can I help you?"

ကိုယ်: "I want doctor." (ကျွန်တော် ဆရာဝန် လိုချင်တယ်။)

တစ်ဖက်: "..." (ခဏတိတ်သွားပြီး) "...Would you like to make an appointment, sir?"

ကိုယ်: (Appointment ဆိုတာ ဘာလဲလို့ တွေးရင်း) "...yes?"

တစ်ဖက်: "When would you like to come in?"

ကိုယ်: "...tomorrow?"

တစ်ဖက်: "Morning or afternoon?"

ကိုယ်: "Morning."

တစ်ဖက်: "We have an opening at 9:30. Does that work for you?"

ကိုယ်: (Opening ဆိုတာ ဘာလဲ / Does that work ဆိုတာ ဘာလဲလို့ တွေးရင်း) "...yes?"

ဒီလို Conversation (စကားပြောဆိုမှု) မျိုးမှာ ကိုယ်က တစ်ဖက်လူပြောတာကို ၅၀% လောက် နားမလည်ဘဲ "Yes" ကိုပဲ ထပ်ခါထပ်ခါ သုံးနေရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ အချိန်ချိန်းဆိုခြင်း (Appointment) နဲ့ဆိုင်တဲ့ Vocabulary တွေကို သေချာမသိထားလို့ ဖြစ်ပါတယ်။ ဒီ Post လေးကို ဖတ်ပြီးသွားရင်တော့ ဒီလို Conversation မျိုးရဲ့ ၁၀၀% ကို သင် အပြည့်အဝ ထိန်းချုပ် (Control လုပ်) နိုင်သွားပါလိမ့်မယ်။

Appointment vs Reservation vs Booking -- ဘယ်ဟာကို ဘယ်နေရာမှာ သုံးရမလဲ?

Appointment = ဆေးခန်း / အလှပြင်ဆိုင် (Salon) / ရှေ့နေ (Lawyer) / ရုံး (Office)
(သီးခြား ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ အချိန်ချိန်းဆိုခြင်း)
"I have an appointment with Dr. Smith at 2 PM." (ကျွန်တော် နေ့လယ် ၂ နာရီမှာ ဒေါက်တာစမစ်နဲ့ ချိန်းထားတာ ရှိပါတယ်။)

Reservation = စားသောက်ဆိုင် (Restaurant) / ဟိုတယ် (Hotel)
(စားပွဲ သို့မဟုတ် အခန်းစတဲ့ နေရာတစ်ခုခုကို သီးသန့် ကြိုတင်မှာယူထားခြင်း)
"I'd like to make a reservation for 2 at 7 PM." (ည ၇ နာရီမှာ လူ ၂ ယောက်စာ စားပွဲတစ်ခု ကြိုမှာချင်လို့ပါ။)

Booking = ဟိုတယ် / လေယာဉ်လက်မှတ် (Flight) / ပွဲလက်မှတ် (Event)
(အွန်လိုင်းမှဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ ကြိုတင်ဝယ်ယူ/မှာယူထားခြင်း)
"I have a booking confirmation number." (ကျွန်တော့်မှာ Booking လုပ်ထားတဲ့ အတည်ပြုနံပါတ် ရှိပါတယ်။)

ဒီ ၃ ခုကို ရောပြီး သုံးလိုက်မယ်ဆိုရင်

"I have a reservation with the doctor" -- ဒါဆိုရင် ဟာသ ဖြစ်သွားပါလိမ့်မယ် (ဆေးခန်းမှာ Reservation မလုပ်ရပါဘူး)။

"I have an appointment at the restaurant" -- ဒါဆိုရင်လည်း ထူးထူးဆန်းဆန်းကြီး ခံစားရပါလိမ့်မယ် (စားသောက်ဆိုင်မှာ Appointment မလုပ်ရပါဘူး)။

ရွှေစည်းမျဉ်း (Rule)
ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ချိန်းတာ = Appointment / နေရာတစ်ခုကို ကြိုတင်မှာတာ = Reservation / အွန်လိုင်းကနေ ကြိုတင်ဝယ်ယူမှာယူတာ = Booking

Situation 1 -- ဆေးခန်းမှာ Appointment ယူခြင်း

ဖုန်းဆက်ပြီး ချိန်းတဲ့အခါ

"Hello, I'd like to make an appointment with Dr. [name], please."
(ဟယ်လို၊ ဒေါက်တာ [name] နဲ့ အချိန်လေး ချိန်းချင်လို့ပါ။)

"I'd like to make" ဆိုတာက Appointment ယူတဲ့အခါ သုံးရတဲ့ ရွှေစကားစု (Golden phrase) ပါပဲ။ "I want (ကျွန်တော် လိုချင်တယ်)" လို့ ပြောတာထက် အများကြီး ပိုပြီး ယဉ်ကျေး (Polite) ပါတယ်။

"Do you have any openings this week?"
(ဒီတစ်ပတ်ထဲမှာ လွတ်တဲ့အချိန်လေးများ ရှိမလား ခင်ဗျာ။)

"Openings" ဆိုတာ "လွတ်နေတဲ့ အချိန် / နေရာ" ကို ဆိုလိုတာပါ။ ဆရာဝန်၊ သွားဆရာဝန် ဒါမှမဟုတ် အလှပြင်ဆိုင်က လူတွေရဲ့ အချိန်ဇယား (Schedule) ထဲမှာ ဘယ်အချိန် (Slot) လွတ်နေလဲလို့ မေးတာဖြစ်ပါတယ်။
အလုပ်အကိုင် အခြေအနေ (Job context) တွေမှာလည်း ဒီစကားလုံးကို သုံးပါတယ်။ ဥပမာ - "We have an opening for a marketing manager" (ကျွန်တော်တို့ဆီမှာ Marketing manager ရာထူး လွတ်နေတယ် / ခေါ်နေတယ်) ဆိုပြီး သုံးလေ့ရှိပါတယ်။

"It's quite urgent. Is there anything available today?"
(နည်းနည်းလေး အရေးပေါ် ဖြစ်နေလို့ပါ။ ဒီနေ့အတွက်ရော အဆင်ပြေနိုင်မယ့် အချိန် (Available) ရှိမလား ခင်ဗျာ။)

"I'd prefer a morning/afternoon slot if possible."
(ဖြစ်နိုင်မယ်ဆိုရင် မနက်ပိုင်း / နေ့လယ်ပိုင်း အချိန်လေးကို ပိုသဘောကျပါတယ်။)

"Slot" ဆိုတာ "အချိန်ကွက်" ကို ဆိုလိုတာပါ။ "Time slot" ဆိုတဲ့ Phrase ကို Meeting တွေ၊ Appointment တွေနဲ့ Schedule တွေမှာ ခဏခဏ ကြုံရပါလိမ့်မယ်။

ဆေးခန်းဘက်မှ ပြန်လည်ဖြေကြားချက် (Staff reply)

"We have an opening at 10:30 AM. Does that work for you?"
(မနက် ၁၀:၃၀ မှာတော့ အချိန်လွတ်တစ်ခု ရှိပါတယ်။ အဲဒီအချိန်ဆိုရင် သင့်အတွက် အဆင်ပြေ (ကိုက်ညီ) ပါ့မလား ခင်ဗျာ။)

"Does that work for you?" = "ဒါက သင့်အတွက် အဆင်ပြေမလား / အချိန်ကိုက်ရဲ့လား?"
ဒီ Phrase ကို Meeting တွေ၊ Appointment တွေ၊ အစီအစဉ် (Plan) တွေ ဆွဲတဲ့အခါ ခဏခဏ သုံးလေ့ရှိပါတယ်။ ကိုယ်တိုင်လည်း အခြားသူကို မေးတဲ့အခါ သုံးလို့ရပါတယ်။ ဥပမာ - "Would 3 PM work for you?" (ညနေ ၃ နာရီဆိုရင်ရော အဆင်ပြေမလား။)

ကိုက်ညီတယ် / အဆင်ပြေတယ်ဆိုရင်: "Yes, that works perfectly. Thank you." (ဟုတ်ကဲ့၊ အဲဒီအချိန်ဆို ကွက်တိပါပဲ။ ကျေးဇူးတင်ပါတယ်။)

မကိုက်ညီဘူး / အဆင်မပြေဘူးဆိုရင်: "Actually, is there anything later in the afternoon?" (တကယ်တော့ နေ့လယ်ပိုင်း နောက်ကျကျ အချိန်လေးများ ရနိုင်မလား ခင်ဗျာ။)

ဆေးခန်းကို ရောက်သွားတဲ့အခါ

"Hi, I have an appointment with Dr. [name] at 10:30."
(မင်္ဂလာပါ၊ ကျွန်တော် ဒေါက်တာ [name] နဲ့ မနက် ၁၀:၃၀ မှာ ချိန်းထားတာ ရှိပါတယ်။)

"I'm here for my 10:30 appointment."
(ကျွန်တော် ၁၀:၃၀ က ချိန်းထားတဲ့သူပါ။)

Staff (ဆေးခန်းဝန်ထမ်း): "Please take a seat. The doctor will be with you shortly."
(ထိုင်ပါရှင့်။ ဆရာဝန် မကြာခင် ရောက်လာပါလိမ့်မယ်။)

"Shortly" = "မကြာခင် / ခဏနေရင်"
"I'll be with you shortly" ဆိုတဲ့ Phrase ကို ရုံးတွေ၊ ဆေးရုံတွေ၊ ဈေးဆိုင်တွေမှာ ခဏခဏ ကြားရပါလိမ့်မယ်။

Situation 2 -- အလှပြင်ဆိုင် / ဆံပင်ညှပ်ဆိုင် (Salon / Barbershop)

"I'd like to book a haircut for Saturday."
(စနေနေ့အတွက် ဆံပင်ညှပ်ဖို့ အချိန်လေး ကြိုယူချင်လို့ပါ။)

"Do you have any openings around 2 PM?"
(နေ့လယ် ၂ နာရီ ဝန်းကျင်လောက်မှာ အချိန်လွတ် ရှိမလား ခင်ဗျာ။)

"I'd like a haircut and color."
(ဆံပင်ညှပ်တာရော၊ ဆေးဆိုးတာရော ၂ ခုလုံး လုပ်ချင်ပါတယ်။)

"How long will it take?"
(အချိန် ဘယ်လောက်လောက် ကြာမလဲ ခင်ဗျာ။)

"Who will be my stylist?"
(ဘယ်သူက ကျွန်တော့်ကို ညှပ်ပေးမှာလဲ ခင်ဗျာ။)

Situation 3 -- ရုံး / စီးပွားရေး / သံရုံး (Office / Business / Embassy)

"I'd like to schedule a meeting with Mr. [name]."
(မစ္စတာ [name] နဲ့ အစည်းအဝေး (Meeting) တစ်ခု အချိန်ချိန်းချင်လို့ပါ။)

"Schedule" ဆိုတာ "Make an appointment" ရဲ့ ပိုမိုတရားဝင်ဆန်တဲ့ (Formal version) အသုံးအနှုန်းပါ။ ရုံးလုပ်ငန်းနဲ့ စီးပွားရေး (Office/Business context) တွေမှာ "Schedule a meeting" လို့ ပိုသုံးကြပါတယ်။

"When is he/she available?"
(သူ ဘယ်အချိန် အားမလဲ / အဆင်ပြေမလဲ ခင်ဗျာ။)

"I need to schedule a visa interview."
(ဗီဇာ အင်တာဗျူးအတွက် အချိန်ချိန်းဖို့ လိုအပ်လို့ပါ။)

"What documents do I need to bring?"
(ဘာစာရွက်စာတမ်း (Documents) တွေ ယူလာဖို့ လိုအပ်မလဲ ခင်ဗျာ။)

Reschedule / Cancel -- အချိန်ပြောင်းခြင်း / ပယ်ဖျက်ခြင်း

Reschedule (အချိန်ရွှေ့ပြောင်းခြင်း):

"I need to reschedule my appointment."
(ကျွန်တော့်ရဲ့ ချိန်းထားတဲ့အချိန်ကို ပြောင်းရွှေ့ချင်လို့ပါ။)

"I'm sorry, but something came up. Could I reschedule to next week?"
(ဆောရီးပါ၊ ကျွန်တော့်မှာ အရေးတကြီး ကိစ္စလေးတစ်ခု ပေါ်လာလို့ပါ။ နောက်အပတ်ကို အချိန်ရွှေ့ပေးလို့ ရမလား ခင်ဗျာ။)

"Something came up" = "တစ်ခုခု (အရေးပေါ်) ပေါ်လာတယ် / ဖြစ်သွားတယ်"
ဒီ Phrase က ကိုယ့်ဘက်က ဘာအကြောင်းပြချက်မှ အတိအကျ (Detail) ပေးစရာမလိုဘဲ၊ ချိန်းထားတာကို ရွှေ့ချင်တဲ့အခါ / ဖျက်ချင်တဲ့အခါ သုံးလို့အကောင်းဆုံးနဲ့ အယဉ်ကျေးဆုံး (Polite phrase) စကားစုလေးပါ။ ဘာဖြစ်တယ်ဆိုတာ ရှင်းပြနေစရာ မလိုပါဘူး၊ "Something came up" လို့ ပြောလိုက်ရုံနဲ့ အဆင်ပြေပါတယ်။

"Could we move it to Thursday instead?"
(အဲဒီအစား ကြာသပတေးနေ့ကိုများ ပြောင်းလိုက်လို့ ရမလား ခင်ဗျာ။)

Cancel (ပယ်ဖျက်ခြင်း)

"I need to cancel my appointment, unfortunately."
(ဝမ်းနည်းစရာကောင်းပေမယ့် ကျွန်တော့်ရဲ့ Appointment ကို ဖျက် (Cancel လုပ်) ရတော့မယ် ထင်ပါတယ်။)

"Is there a cancellation fee?"
(ဖျက်လိုက်တဲ့အတွက် ဒဏ်ကြေး (Cancellation fee) ပေးရတာမျိုး ရှိပါသလား။)

"Cancellation fee" = "ချိန်းထားတာကို ဖျက်လိုက်တဲ့အတွက် ပေးရမယ့် ဒဏ်ကြေး"
ဆေးခန်းတွေနဲ့ အလှပြင်ဆိုင် တချို့မှာ ဒီလို ဒဏ်ကြေး (Cancel fee) ရှိတတ်ပါတယ်။ ဒါကြောင့် ကြိုမေးထားတာ အကောင်းဆုံးပါပဲ။

Confirm -- အတည်ပြုခြင်း

"I'm calling to confirm my appointment for tomorrow at 2 PM."
(မနက်ဖြန် နေ့လယ် ၂ နာရီ ချိန်းထားတာလေး သေချာအောင် (Confirm ဖြစ်အောင်) ဖုန်းဆက်လိုက်တာပါ။)

"Is my appointment still on schedule?"
(ကျွန်တော် ချိန်းထားတဲ့အချိန်က မူလအစီအစဉ် (Schedule) အတိုင်း ရှိပါသေးသလား။)

"Still on schedule" = "Plan / Schedule အတိုင်း သတ်မှတ်ထားဆဲ ဖြစ်သလား"
ဒီ Phrase ကို Meeting တွေ၊ Project တွေ၊ Delivery (ပို့ဆောင်ရေး) တွေ ဘယ်နေရာမှာမဆို သုံးလို့ ရပါတယ်။

Appointment Cheat Sheet (၁ မိနစ်စာ အမြန်မှတ်စု)

ချိန်း: "I'd like to make an appointment with [name]."

အချိန်မေး: "Do you have any openings?"

ပြောင်း: "Could I reschedule to [date]?"

ပယ်ဖျက်: "I need to cancel my appointment."

ရောက်: "I'm here for my [time] appointment."

Confirm လုပ်: "I'm calling to confirm my appointment."

ဒီ (၆) ကြောင်းကို မှတ်ထားလိုက်မယ်ဆိုရင် Appointment နဲ့ပတ်သက်တဲ့ အခြေအနေ ၉၀% လောက်ကို အေးဆေး Cover ဖြစ်သွားပါပြီ။

Thursday, March 5, 2026

ဖင်လန်မှာအစဉ်ပြေဖို့ဘာသာစကားက လွဲလို့ တခြားလမ်းမရှိဘူး

 ဖင်လန်မှာ နေဖို့ ဆုံးဖြတ်ပြီးပြီလား? Passport ယူမယ်လို့ စိတ်ကူးထားလား? ဒါဆိုရင် အားငယ်နေဖို့၊ စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ အလုပ်ထဲမှာ နှိမ်ခံရတာ၊ ကျောင်းမှာ စကားမပေါက်တာတွေအတွက် ဝမ်းနည်းနေတာဟာ အချိန်ဖြုန်းတာပဲ။ အဖြေက တစ်ခုပဲရှိတယ် ဖင်လန်စာကို သေချာလုပ်ဖို့ပဲ။

အချက်အလက်က ရှင်းရှင်းလေးပါ။အလုပ်ရှိပေမဲ့ စကားမတတ်ရင်သင်ဟာ အောက်ခြေအလုပ်မှာပဲ တစ်သက်လုံး နစ်နေမယ်။အလုပ်ရှားတာတွေခနဖယ်။ပညာလည်းရှိ၊ဘာသာစကားလည်းရရင်ဘယ်လောက်ကောင်းမလဲ။စကားတတ်သွားရင်သင့်ကို ဘယ်သူမှ နှိမ်လို့မရတော့ဘူး။ အခွင့်အလမ်းတွေက သင့်နောက်ကို လိုက်လာလိမ့်မယ်။သိမ်ငယ်နေတာကို ဘယ်လိုဖြေရှင်းမလဲ စာဖတ်ပါ။ စကားလုံးအသစ် ကျက်ပါ။ ကိုယ်က တတ်နေရင် ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုဘူး။
တစ်နေ့ (၁၀) လုံး ၊တစ်နေ့ ၁၀ လုံးပဲ ကျက်မပျက်မကွက် လုပ်ပါ။၁၀ ရက်ဆို စကားလုံး ၁၀၀ဒါဟာ အခြေခံ စကားပြောဖို့သိရမှာလေးတွေစသိပြီ
စိတ်ညစ်ဖို့ အချိန်မပေးနဲ့၊ ဒီစာလုံးတွေကို အခုချက်ချင်း ခေါင်းထဲထည့်ပါ။
📂 ၁ - ၁၀၀ (အခြေခံစကားလုံးများနှင့် နေ့စဉ်သုံးများ)
၁။ Minä = ကျွန်တော်/ကျွန်မ
၂။ Sinä = မင်း/သင်
၃။ Hän = သူ (ကျား/မ မခွဲခြားပါ)
၄။ Me = ကျွန်တော်တို့/ကျွန်မတို့
၅။ Te = သင်တို့/မင်းတို့
၆။ He = သူတို့
၇။ Tämä = ဒါ/ဤအရာ (အနီး)
၈။ Se = ၎င်း/အဲဒါ (အဝေး/တိရစ္ဆာန်/အရာဝတ္ထု)
၉။ Nämä = ဒါတွေ
၁၀။ Ne = အဲဒါတွေ
၁၁။ Kuka = ဘယ်သူလဲ
၁၂။ Mikä = ဘာလဲ
၁၃။ Missä = ဘယ်မှာလဲ
၁၄။ Mistä = ဘယ်ကနေလဲ
၁၅။ Mihin = ဘယ်ကိုလဲ
၁၆။ Milloin = ဘယ်တော့လဲ
၁၇။ Miksi = ဘာဖြစ်လို့လဲ
၁၈။ Miten = ဘယ်လိုလဲ
၁၉။ Kyllä = ဟုတ်ကဲ့
၂၀။ Ei = မဟုတ်ပါ/မရှိပါ
၂၁။ Moi / Hei = မင်္ဂလာပါ/ဟိုင်း
၂၂။ Kiitos = ကျေးဇူးတင်ပါတယ်
၂၃။ Ole hyvä = ရပါတယ်/ကြိုဆိုပါတယ်
၂၄။ Anteeksi = တောင်းပန်ပါတယ်/ခွင့်လွှတ်ပါ
၂၅။ Näkemiin = သွားပြီနော်/နောက်မှတွေ့မယ်
၂၆။ Terve = ကျန်းမာပါစေ/ဟိုင်း
၂၇။ Päivää = နေကောင်းသောနေ့ဖြစ်ပါစေ
၂၈။ Iltaa = ညနေခင်းမှာ နှုတ်ဆက်ခြင်း
၂၉။ Yötä = ကောင်းသောညဖြစ်ပါစေ (အိပ်ခါနီး)
၃၀။ Mitä kuuluu? = နေကောင်းလား/ဘာထူးလဲ
၃၁။ Hyvää = ကောင်းသော
၃၂။ Huonoa = မကောင်းသော
၃၃။ Kiitos, hyvää = ကျေးဇူးပဲ၊ နေကောင်းပါတယ်
၃၄။ Entä sinulle? = မင်းကော ဘယ်လိုလဲ
၃၅။ Suomi = ဖင်လန်နိုင်ငံ
၃၆။ Suomea = ဖင်လန်ဘာသာစကား
၃၇။ Puhua = စကားပြောသည်
၃၈။ Ymmärtää = နားလည်သည်
၃၉။ Oppia = သင်ယူသည်
၄၀။ Opiskella = လေ့လာသည်
၄၁။ Työ = အလုပ်
၄၂။ Koti = အိမ်
၄၃။ Koulu = ကျောင်း
၄၄။ Kauppa = ဆိုင်/ဈေးဆိုင်
၄၅။ Ruoka = အစားအစာ
၄၆။ Juoma = အဖျော်ယမကာ
၄၇။ Vesi = ရေ
၄၈။ Leipä = ပေါင်မုန့်
၄၉။ Maito = နို့
၅၀။ Kahvi = ကော်ဖီ
၅၁။ Tee = လက်ဖက်ရည်
၅၂။ Sokeri = သကြား
၅၃။ Suola = ဆား
၅၄။Omena = ပန်းသီး
၅၅။ Peruna = အာလူး
၅၆။ Liha = အသား
၅၇။ Kala = ငါး
၅၈။ Muna = ကြက်ဥ
၅၉။ Voi = ထောပတ်
၆၀။ Juusto = ဒိန်ခဲ
၆၁။ Iso = ကြီးသော
၆၂။ Pieni = သေးသော
၆၃။ Uusi = အသစ်
၆၄။ Vanha = အဟောင်း/အသက်ကြီးသော
၆၅။ Nuori = လူငယ်
၆၆။ Kaunis = လှပသော
၆၇။ Kallis = ဈေးကြီးသော
၆၈။ Halpa = ဈေးပေါသော
၆၉။ Lämmin = နွေးသော
၇၀။ Kylmä = အေးသော
၇၁။ Kuuma = ပူသော
၇၂။ Auki = ဖွင့်ထားသော
၇၃။ Kiinni = ပိတ်ထားသော
၇၄။ Tyhjä = အလွတ်/ဘာမှမရှိသော
၇၅။ Täynnä = ပြည့်နေသော
၇၆။ Olla = ဖြစ်သည်/ရှိသည်
၇၇။ Tulla = လာသည်
၇၈။ Mennä = သွားသည်
၇၉။ Syödä = စားသည်
၈၀။ Juoda = သောက်သည်
၈၁။ Nukkua = အိပ်သည်
၈၂။ Herätä = နိုးသည်
၈၃။ Tehdä = လုပ်သည်
၈၄။ Ostaa = ဝယ်သည်
၈၅။ Myydä = ရောင်းသည်
၈၆။ Katsoa = ကြည့်သည်
၈၇။ Kuunnella = နားထောင်သည်
၈၈။ Lukea = ဖတ်သည်
၈၉။ Kirjoittaa = ရေးသည်
၉၀။ Ajaa = မောင်းနှင်သည်
၉၁။ Tänään = ဒီနေ့
၉၂။ Huomenna = မနက်ဖြန်
၉၃။ Eilen = မနေ့က
၉၄။ Nyt = အခု
၉၅။ Aina = အမြဲတမ်း
၉၆။ Joskus = တစ်ခါတလေ
၉၇။ Ei koskaan = ဘယ်တော့မှ (မဟုတ်)
၉၈။ Paljon = အများကြီး
၉၉။ Vähän = နည်းနည်း
၁၀၀။ Aika = အချိန်
ဖင်လန်မှာ Passport ရဖို့၊အစဉ်ပြေဖို့ဆိုတာ ဆုတောင်းနေရုံနဲ့ မရဘူး။ အလုပ်ထဲမှာ အဆင်မပြေတာကို စာအုပ်ထဲမှာ အားဖြည့်ပါ။ ဘာသာစကားဟာ သင့်အတွက် အကောင်းဆုံး "လက်နက်" ပဲ။ စိတ်ညစ်တာ ရပ်၊ စာအုပ်ကို ကိုင်၊ ပြီးရင် စာကို "ဖိ" လုပ်ပါ။
တောင့်ခံထားတဲ့ မြန်မာတွေ... စာဖတ်ကြပါစို့။