Showing posts with label Book. Show all posts
Showing posts with label Book. Show all posts
Sunday, April 5, 2026
Friday, February 6, 2026
တရားဝင် Free Download ရနိုင်မယ့် website (၇) ခု
စာအုပ်ကောင်းတွေ ဖတ်ချင်ပေမဲ့ ပိုက်ဆံမကုန်ချင်သူများအတွက် တရားဝင် Free Download ရနိုင်မယ့် website (၇) ခု
စာအုပ်တွေဖတ်ရတာ ကြိုက်ပေမဲ့ နိုင်ငံခြားစာအုပ်တွေ ဝယ်ဖတ်ဖို့ ဈေးကြီးလို့ ဒါမှမဟုတ် payment အဆင်မပြေလို့ စဥ်းစားနေပါသလား? ဒါမှမဟုတ် E-book တွေကို ဖုန်းထဲ၊ Tablet ထဲမှာ အလွယ်တကူ ထည့်ဖတ်ချင်ပါသလား?
ဒါဆိုရင်တော့ ငွေတစ်ပြားမှ ပေးစရာမလိုဘဲ တရားဝင် (Legally) စာအုပ်ကောင်းတွေကို အခမဲ့ Download လုပ်လို့ရမယ့် နေရာကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
Comment မှာ ပြထားပါတယ်။
(၁) Project Gutenberg
ဂန္ထဝင်စာပေတွေကို ကြိုက်တဲ့သူတွေအတွက် ရွှေတွင်းကြီးပါပဲ။ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားတဲ့ ရှေးဟောင်းစာအုပ်ကောင်းပေါင်းများစွာကို Sign-up လုပ်စရာမလိုဘဲ တန်းပြီး Download ဆွဲလို့ရပါတယ်။
(၂) ManyBooks
ဒီမှာကျတော့ Genre အလိုက် ခွဲထားပေးလို့ ရှာရဖွေရလွယ်ကူပါတယ်။ Cover Design လှလှလေးတွေနဲ့မို့ ဖတ်ချင်စရာကောင်းသလို၊ Indie (တသီးပုဂ္ဂလ) စာရေးဆရာတွေရဲ့ စာအုပ်တွေကိုပါ Discount နဲ့ ရတာမျိုး၊ Free ရတာမျိုးတွေ ရှိပါတယ်။
(၃) Standard Ebooks
စာဖတ်ရတာ မျက်စိရှင်းပြီး သပ်ရပ်တာကို ကြိုက်သူတွေအတွက်ပါ။ ဂန္ထဝင်စာအုပ်တွေကိုမှ Format အသစ်၊ ဒီဇိုင်းအသစ်တွေနဲ့ ပြန်ပြင်ထားလို့ ဖတ်ရတာ အရမ်း Quality ကောင်းပါတယ်။
(၄) Google Books
ဒါကတော့ လူတိုင်းနဲ့ ရင်းနှီးပြီးသားပါ။ ပညာရပ်ဆိုင်ရာ စာအုပ်တွေနဲ့ Public domain စာအုပ်တွေကို ရှာဖွေရာမှာ အရမ်းအဆင်ပြေပါတယ်။ "Free" ဆိုတဲ့ Filter လေးခံပြီး ရှာလိုက်ရုံပါပဲ။
(၅) Smashwords
နာမည်ကြီး စာရေးဆရာတွေမဟုတ်ဘဲ တက်သစ်စ Indie Author တွေရဲ့ လက်ရာတွေကို စူးစမ်းချင်ရင် ဒီမှာရှာပါ။ စာအုပ်စီးရီးတွေရဲ့ အစပိုင်း (Series starters) တွေကို အခမဲ့ပေးလေ့ရှိပါတယ်။
(၆) BookBub
သူကတော့ ဝဘ်ဆိုက်သက်သက်ထက် စာအုပ်ဈေးကွက်ပုံစံမျိုးပါ။ နာမည်ကြီး Bestseller စာအုပ်တွေ Free ပေးတဲ့အချိန်၊ Discount ချတဲ့အချိန်ဆိုရင် Alert ပေးပါတယ်။ အခွင့်ကောင်းကို လက်မလွတ်ချင်သူတွေ သုံးသင့်ပါတယ်။
(၇) PDF Books World
Screen ပေါ်မှာ ဖတ်ရတာ အဆင်ပြေအောင် သီးသန့်ပြုလုပ်ထားတဲ့ High-quality PDF တွေကို လိုချင်ရင်တော့ ဒီမှာပါ။ Free account လေးတစ်ခုတော့ ဖွင့်ဖို့လိုပါမယ်။
Subscribe to:
Posts (Atom)