Thursday, November 13, 2025

"-sta/ -stä” ( -မှ၊ -ထံမှ၊ အကြောင်းအရာအရ ) ( Elative Case )

 "-sta/ -stä” ( -မှ၊ -ထံမှ၊ အကြောင်းအရာအရ )

( Elative Case ) ( အပိုင်း - ၁ )
*********************************************
ဖင်လန်ဘာသာတွင် “elatiivi” ဟုခေါ်သော "နာမ်
ပုံစံ(case)” တစ်ခုမှာ "-sta နှင့် -stä”ပုံစံများဖြစ်ပြီး
“-မှ” ဟု အဓိပ္ပာယ်ရသည်။ “ဘယ်ကလာသလဲ” ဟု
မေးသောအခါ "-sta/-stä”နောက်ဆက်တွဲကို သုံး
နိုင်သည်။ ထို့ပြင် ထင်မြင်ချက်များ၊ ပစ္စည်းများ၊
အကြောင်းအရာများကို ဖော်ပြရာတွင်လည်း အမျိုး
မျိုးသော အဓိပ္ပါယ်များကို ဖော်ပြရန် အသုံးပြု
သည်။
ဤ "case” ကို နေရာတစ်ခုမှ ထွက်ခြင်း၊ ရလဒ်၊
ထင်မြင်ချက်၊ ပစ္စည်း၊ အကြောင်းအရင်း၊ ထိတွေ့
မှု၊ ဖွင့်လမ်းကြောင်း၊ ပြည့်လျှံ/ဗလာ ဖြစ်ခြင်း၊
အချိန် နှင့် အချို့သော ကြိယာများ၊ နာမဝိသေသန
များ တွင် အသုံးပြုသည်။
Mistä? (ဘယ်ကလာလဲ?)
တည်နေရာတစ်ခုမှ ထွက်ခွာမှုကို ဖော်ပြရန်
"elatiivi case” ကို သုံးသည်။
. He tulevat koulusta.
(သူတို့သည် ကျောင်းမှ လာကြသည်။)
. Hän tulee kaupasta.
(သူသည် ဆိုင်မှ လာသည်။)
. He tulevat puistosta.
(သူတို့သည် ပန်းခြံမှ လာကြသည်။)
Mistä? Paikannimet (ဘယ်ကလာလဲ? နေရာ
အမည်များ)
နိုင်ငံ၊ မြို့၊ တိုက်ကြီးများ၊ မွေးရပ် ဇာတိ များမှ
ထွက်ခွာမှုကို ဖော်ပြရန် "elatiivi” ကို သုံးသည်။
. Suomesta ( ဖင်လန်မှ )
. Intiasta ( အိန္ဒိယမှ )
. Kreikasta ( ဂရိမှ )
. Helsingistä ( ဟယ်လ်ဆင်ကီမြို့မှ )
. Tallinnasta ( တာလင်မြို့မှ )
. Lontoosta ( လန်ဒန်မြို့မှ )
. Euroopasta ( ဥရောပမှ )
. Afrikasta ( အာဖရိကတိုက်မှ )
. Aasiasta ( အာရှမှ )
. Olen kotoisin Ukrainasta.
(ကျွန်တော်သည် ယူကရိန်းမှ ဖြစ်သည်။)
. Tulen Tallinnasta.
(ကျွန်တော်သည် တာလင်မြို့မှ လာသည်။)
. Tulen Oulusta.
(ကျွန်တော်သည် အိုလူးမြို့မှ လာသည်။)
Tuloslause (ရလဒ်ဖြစ်ပေါ်ခြင်း)
"elatiivi” ကို ရလဒ်ဝါကျများတွင် သုံးသည်။ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုအဖြစ်ပြောင်း
လဲလာသည်ဟု ဖော်ပြသည်။
. Hänestä tuli hyvä opettaja.
(သူသည် ကောင်းမွန်သောဆရာတစ်ဦး ဖြစ်လာ
သည်။)
. Tarja Halosesta tuli Suomen presidentti
vuonna 2000.
(တာယာ ဟာလိုနင်သည် ၂၀၀၀ ခုနှစ်တွင် ဖင်လန်
သမ္မတ ဖြစ်လာသည်။)
. Sinusta tulee taitava pianisti!
(သင်သည် ထူးချွန်သောစန္ဒရားဆရာ ဖြစ်လာ
မည်။)
. Heistä tuli hyvät työkaverit.
(သူတို့သည် ကောင်းမွန်သောအလုပ်ဖော်များ
ဖြစ်လာကြသည်။)
. Kissasta ja koirasta tuli hyvät ystävät.
(ကြောင်နှင့်ခွေး သည် ကောင်းမွန်သောသူငယ်ချင်း
များ ဖြစ်လာကြသည်။)
Kokija / Mielipide ( ထင်မြင်ချက် )
"sta/-stä” ကို ထင်မြင်ချက်ဖော်ပြရာတွင် သုံး
သည်။ တစ်စုံတစ်ခုနှင့်ပတ်သက်၍ ထင်မြင်ချက်
ကို ဖော်ပြသည်။
. Minusta tämä keitto on tosi hyvää!
(ကျွန်ုပ်၏ ထင်မြင်ချက်အရ ဤဟင်းချိုသည်
အလွန်အရသာရှိသည်။)
. Heistä matka oli liian pitkä.
(သူတို့၏အမြင်အရ ခရီးသည် အလွန်ရှည်လျား
သည်။)
. Hannasta asunto on kallis.
(Hannan mielestä asunto on kallis.)
{ဟန်နာ၏ အထင်အရ အိမ်သည် စျေးကြီးသည်။}
Valmistusaine (ပြုလုပ်ရာတွင်သုံးသောပစ္စည်း)
"elatiivi”ကို ပြုလုပ်ရာတွင်သုံးသော ထုတ်လုပ်
ပစ္စည်း ကို ဖော်ပြရန် သုံးသည်။
. Talo tehdään puusta.
(အိမ်ကို သစ်သားဖြင့် ပြုလုပ်သည်။)
. Hänen pyjama on tehty silkistä.
{သူ၏ညအိပ်ဝတ်စုံသည် ပိုးသားဖြင့် ပြုလုပ်
ထားသည်။}
. Valmistan keiton linsseista, porkkanoista,
tomaateista ja sipulista.
(ကျွန်ုပ်သည် ပဲမျိုး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးနှင့်
ကြက်သွန်နီ ဖြင့် ဟင်းချိုပြုလုပ်သည်။)
Syy tai aihe (အကြောင်းအမျိုးမျိုး)
"elatiivi” ကို အကြောင်းအရင်း အမျိုးမျိုးကို
ဖော်ပြရန် သုံးသည်။
. Hän itkee ilosta.
{သူသည် ပျော်ရွှင်မှုကြောင့် ငိုသည်။}
. He puhuvat viikonlopusta.
{သူတို့သည် အပါတ်စဉ်ပိတ်ရက်အကြောင်း ပြော
ကြသည်။}
. Se on elokuva ystävyydestä.
(၎င်းသည် သူငယ်ချင်းရင်းနှီးမှုအကြောင်း
ရုပ်ရှင်ဖြစ်သည်။)
. Olemme kiinnostuneet tästä asunnosta.
(ကျွန်ုပ်တို့သည် ဤတိုက်ခန်းနှင့်ပတ်သက်၍
စိတ်ဝင်စားသည်။)
. Näytä minulle kuva sinun kissasta!
(သင်၏ကြောင်ပုံကို ကျွန်ုပ်အား ပြသပါ။)
( အပိုင်း-၂ )အား ဆက်လက်ဖော်ပြပါမည်…👉
~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~

"-sta/ -stä” ( -မှ၊ -ထံမှ၊ အကြောင်းအရာအရ )
( Elative Case ) ( အပိုင်း - ၂ )
*********************************************
Kosketuskohta, “kiinni jossakin” (ထိတွေ့မှု၊ “တစ်ခုခုကို
ကိုင်ထားခြင်း”)
"elatiivi” ကို တစ်စုံတစ်ခုနှင့် ထိတွေ့ထားသည်
ဟု ဖော်ပြရန် သုံးသည်။
. Klikkaa tästä!
(ဤနေရာကိုနှိပ်ပါ။)
. Laita puhelin pois kädestä!
(ဖုန်းကို လက်မှ ချထားပါ။)
. Hän piti minua kiinni kädestä.
(သူက ကျွန်ုပ်လက်ကို ကိုင်ထားသည်။)
. Laiva lähtee satamasta.
(သင်္ဘောသည် ဆိပ်ကမ်းမှ ထွက်ခွာသည်။)
Avoin väylä, aukko (ဖွင့်ထားသောလမ်းကြောင်း၊အပေါက်)
"sta/-stä” ကို ဖွင့်ထားသောလမ်းကြောင်း
(သို့မဟုတ်) အပေါက် နှင့်ပတ်သက်၍ ဖော်ပြရန်
သုံးသည်။
. Hän meni ulos ovesta.
(သူသည် တံခါးမှ အပြင်သို့ထွက်သွားသည်။)
. Hän meni sisään pääovesta.
(သူသည် အဓိကတံခါးမှ အတွင်းသို့ဝင်သည်။)
. He katsovat sisään ikkunasta.
(သူတို့သည် ပြတင်းပေါက်မှ အတွင်းသို့
ကြည့်သည်။)
. Hän kurkistaa säleverhojen raosta/välistä.
(သူသည် ခန်းဆီးကန့်လန့်ကာများကြားမှ လှမ်း
ကြည့်သည်။)
. Halkeamasta kasvaa kaunis kukka.
(အက်ကွဲကြောင်းထဲရာမှ လှပသောပန်းတစ်ပွင့်
ပေါက်နေသည်။)
Jokin täyttyy tai tyhjenee {တစ်ခုခုပြည့်လာခြင်း (သို့မဟုတ်)
ဗလာဖြစ်သွားခြင်း}
"elatiivi” ကို တစ်စုံတစ်ခုသည် ပြည့်သွားသည်
(သို့မဟုတ်) ဗလာဖြစ်သွားသည် ဟု ဖော်ပြရန် သုံး
သည်။
. Sali täyttyi opiskelijoista.
(ခန်းမသည် ကျောင်းသားများဖြင့် ပြည့်သွား
သည်။)
. Kalenteri täyttyy tapahtumista.
(ပြက္ခဒိန်သည် ဖြစ်ရပ်များဖြင့် ပြည့်သွားသည်။
. Tyhjeneekö maaseutu työpaikoista ja
ihmisistä?
(ကျေးလက်ဒေသမှာ လူများနှင့် အလုပ်အကိုင်များ
မရှိတော့မှာလား။)
. Siivosin housut kissankarvoista.
(ကျွန်ုပ်သည် ဘောင်းဘီများမှ ကြောင်မွှေးများကို
သန့်စင်သည်။)
. Hän puhdistaa pöydän tahroista.
(သူသည် စားပွဲ၏ စွန်းထင်းမှုများကို သန့်စင်
သည်။)
Aika: Mistä lähtien? (အချိန်: ဘယ်အချိန်ကစလဲ?)
"elatiivi” ကို အချိန်နှင့်ပတ်သက်၍ ဖော်ပြရန်
သုံးသည်။
. Olen asunut Suomessa vuodesta 2021.
(ကျွန်ုပ်သည် ၂၀၂၁ ခုနှစ်မှစ၍ ဖင်လန်တွင်
နေထိုင်ခဲ့သည်။)
. Olen opiskellut täällä elokuusta (lähtien).
{ကျွန်ုပ်သည် ဩဂုတ်လမှ(စတင်ပြီး) ဤနေရာတွင်
လေ့လာနေသည်။}
. Olemme odottaneet sinua kuudesta lähtien.
(ကျွန်ုပ်တို့သည် ညခြောက်နာရီမှစ၍ သင့်ကို
စောင့်နေသည်။)
. Palaveri kestää kahdesta neljään.
(အစည်းအဝေးသည် နှစ်နာရီမှ လေးနာရီအထိ
ကြာသည်။)
Rektioita (ဝါကျဖွဲ့စည်းပုံ)
"elatiivi” သည် အချို့သော ကြိယာများနှင့် တွဲ
သုံးရာတွင် ပုံမှန်အသုံးပြုသည်။
. Haaveilen lomasta.
(ကျွန်ုပ်သည် အားလပ်ရက်အကြောင်း
အိပ်မက်မက်သည်။)
. Keskustelemme asiasta.
(ကျွန်ုပ်တို့သည် ထိုအကြောင်းအရာနှင့်ပတ်သက်
၍ ဆွေးနွေးသည်။)
. Nautimme Suomen kesästä.
(ကျွန်ုပ်တို့သည် ဖင်လန်နွေရာသီ ကို နှစ်သက်
သည်။)
. Pidän sinusta.
(ကျွန်ုပ်သည် သင့်ကို နှစ်သက်သည်။)
. Tykkäätkö opiskelusta?
(လေ့လာမှုကို နှစ်သက်ပါသလား။)
Rektioita Adjektiivit (ဝါကျဖွဲ့စည်းပုံ နာမဝိသေသန)
"elatiivi” ကို အချို့သော နာမဝိသေသန
(adjectives) နှင့်လည်း တွဲသုံးသည်။
. Olen innostunut uudesta työstä.
(ကျွန်ုပ်သည် အလုပ်သစ်နှင့်ပတ်သက်၍ စိတ်
လှုပ်ရှားနေသည်။)
. Oletko kiinnostunut Suomen historiasta?
(သင်သည် ဖင်လန်သမိုင်းကို စိတ်ဝင်စားပါ
သလား။)
. Olen aivan varma asiasta.
(ကျွန်ုပ်သည် ထိုအကြောင်းအရာနှင့်ပတ်သက်၍
လုံးဝသေချာသည်။)
. Äitisi on varmasti ylpeä sinusta.
(မင်းမိခင်သည် မင်းအကြောင်း သေချာပေါက်
ဂုဏ်ယူမည်။
(Short Video)အထောက်အကူဖြင့် "-sta/ -stä”
( Elative Case ) အပိုင်း( ၁၊ ၂ )အား လေ့လာနိုင်
ရန်..👇👇
*********************************************

No comments:

Post a Comment