အမေရိကန်ကနေ ထိုင်းကိုပြောင်းလာဖို့
အနည်းဆုံး(၃)နှစ်လောက်အချိန်ယူပြီးပြင်ဆင်ခဲ့ရပါတယ်။ နေ့နေ့ညညအလုပ်လုပ်ချိန်တိုင်းမှာ
ထိုင်းကိုပြောင်းဖို့ လုပ်နေတယ်ဆိုပြီး ကိုယ့်ကိုကိုယ်
အမြဲသတိပေးခဲ့ပါတယ်။ မနက်တိုင်း journal
ရေးတိုင်းမှာလည်း (၅)နှစ်အတွင်းကိုယ်ဖြစ်ချင်တဲ့အရာတွေကိုချရေးတိုင်း မိသားစုနဲ့ထိုင်းမှာနေမယ်ဆိုပြီး
ချရေးခဲ့ပါတယ်။ အဲလိုရေးတာနှစ်ချီကြာသွားခဲ့ပါတယ်။
အချိန်တွေကြာသွားလို့အိပ်မက်တွေဖြစ်မလာသေး
ပေမယ့်စိတ်မပျက်ခဲ့ဘူး။ မသိစိတ်ကနေတော့
အိပ်မက်တွေဖြစ်လာမယ်ဆိုတာ အလိုလိုသိနေခဲ့တယ်။ ကိုယ်လုပ်တဲ့အရာတွေကိုလည်းရည်ရွယ်ချက်ရှိရှိလုပ်ဖြစ်ခဲ့တယ်။
ပထမဆုံးCredit cards အကြွေးတွေကိုတစ်ခုပြီးတစ်ခု Paid off စလုပ်တယ်။ အဲဒါကသင့်ဘဝကို
ငွေရေးကြေးရေး မှာ freedom ဖြစ်ဖို့ဆွဲထားတဲ့
အရာတစ်ခုဖြစ်နေတယ်။ အမေရိကမှာ အကြွေးမရှိရင် ဘာမှလုပ်လို့မရလို့ လူတိုင်းအကြွေးယူရင်း credit တည်ဆောက်ကြပေမယ့် နောက်ဆုံးတော့ အကြွေးနွံထဲနှစ်သွားကြတာပဲ။
ဒုတိယအနေနဲ့ အိမ်တွေ၊စီးပွါးရေးတွေကို ရောင်းမလား
ဒါမှမဟုတ် အဝေးကနေစီမံချင်လားစဥ်း
စားရပြန်တယ်။ ကျွန်မအတွက်တော့ နောက်ဆံ
တင်းရမယ့် အရာတွေမလုပ်ချင်လို့ အကုန်လုံးရောင်း
ခဲ့တယ်။ ရောင်းလို့ရတဲ့ပိုက်ဆံတွေတစ်ချို့ကို
ဘဏ်ထဲထည့်ပြီး ကျန်တဲ့ငွေတွေကို ရင်းနှီးမြှုပ်နှံလိုက်တယ်။
လစဥ်ဝင်ငွေစီးဆင်းစေဖို့ Day trade လုပ်ပြီးcrypto မှာလည်းရင်းနှီးမြှုပ်နှံမှုလုပ်ထားပါတယ်။ နေ့စဥ် Trading လုပ်ပြီးငွေရှာဖို့ကမလွယ်ပါဘူး။ ဒါပေမယ့်
သေချာလေ့လာပြီးလုပ်ရင်တော့ computer တစ်လုံးပဲ
ကိုင်ပြီး ကမ္ဘာပတ်လို့ရနေတော့ စိတ်ဝင်စားတဲ့သူတိုင်းလေ့လာသင့်တဲ့အရာပါ။
ငွေရေးကြေးရေးအတွက်လည်းစီမံပြီးပြီဆိုတော့
ချင်းမိုင်ကို မိသားစုလိုက် တစ်ခါတည်းပြောင်းလာခဲ့ပါတယ်။ ဘာ visa နဲ့နေရမလဲမသေချာသေးတော့
အစမှာ Visit visa နဲ့ပဲလာလိုက်ပါတယ်။ အမေရိကန်တွေအတွက် exempt visa ကိုရက်ပေါင်း(၆၀) ရပါတယ်။ အဲဒါပြည့်တာနဲ့ မလေးရှားအလည်အပတ်ထွက်ပြီးပြန်ဝင်လာတော့ နောက်ထပ် ရက်ပေါင်း(၆၀)ရပါတယ်။
အခုတော့ တစ်လ extension ပြန်လုပ်ထားပြီး
ရေရှည် visa တစ်ခုခုယူဖို့ပြင်ဆင်နေပါတယ်။ ကိုယ်ကနိုင်ငံအပြင်ခဏခဏထွက်ချင်တာမို့ အဝင်အထွက်လွယ်အောင် DTV visa ယူဖို့ပြင်နေပါတယ်။ ဒီ Visa က (၅)နှစ်ရပါတယ်။ Visa နဲ့ဆိုင်ပြီးနောက် post တွေမှာ update လုပ်ပေးပါ့မယ်။
ဒါကတော့ ကျွန်မရဲ့ အာရှပြောင်းလာတဲ့ အတွေ့အကြုံ တစ်ခုကို ဗဟုသုတရစေဖို့မေတ္တာဖြင့်မျှဝေပေးခြင်းသာဖြစ်ပါတယ
No comments:
Post a Comment