Scholarship တစ်ခု ရခြင်း/မရခြင်းကို အပြီးသတ် final decision ပေးတာကတော့ Interview Stage ပါပဲ။
Scholarship Interview တွေဟာ အရမ်း sensitive ဖြစ်ပါတယ်။ မိနစ် ၂၀-၃၀ အတွင်းမှာ focus တစ်ချက်လွတ်သွားတာနဲ့ တစ်ခြား candidate နဲ့ ကိုယ်နဲ့ point လေး အနည်းငယ် ကွာသွားနိုင်ပြီး အဲဒီ ကွာသွားတဲ့ 0.5 လောက် အမှတ်လေးက ကိုယ့် အနာဂတ်အတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံတွေပေါ် မူတည်ပြီး အနှစ်ချုပ် အကြံပြုချက်တွေ တင်ပြလိုက်ပါတယ်။
These will define not just your scholarship but your success at a career or visa interview.
*****
Virtual Interview မှာ မ “ကွဲ” ချင်ရင် ဒါတွေရှောင်!
အလုပ်အတွက် ဖြစ်ဖြစ်၊ ကျောင်းဝင်ခွင့်အတွက် ဖြစ်ဖြစ်၊ Scholarship အတွက် သို့မဟုတ် Visa အတွက် ဖြစ်ဖြစ် အောင်မြင်ချင်ရင် ဒါတွေကို ရှောင်ပါ။
All the best, Myanmar Youths! 


CHAN AYE
Bright Institute
Lead Trainer/ Academic Counsellor
“Interview အထိပါတယ်၊ Interview stage ကျမှ ပြုတ်တာ”
“ကြောက်နေတာနဲ့ ထူပူပြီး ဘာတွေပြောခဲ့မှန်းမသိဘူး”
“အဲဒီမေးခွန်းတွေ မေးမယ်လို့ မထင်ခဲ့ဘူး”
အဲဒီ စကားသံတွေရဲ့ နောက်ကွယ်မှာ လူငယ်တွေ စိတ်ပျက်ပြီး Scholarship ထပ်မလျှောက်ဖြစ်တာ၊ နောက်ထပ် အချိန်၆ လ - ၁နှစ်ရင်းပြီး ထပ်လျှောက်ရတာ၊ ၂ ခါ ၃ ခါ interview ထိရောက်ပြီး scholarship အရွေးမခံရတာတွေရှိတာတွေ့ရတယ်။
ဒီလိုကြုံရတာ Scholarship Interview တွေရဲ့ သဘောကို သေချာ proactively မလေ့လာဘဲ mentally and technically prepare မလုပ်လို့ ကိုယ့်ရဲ့ Scholarship Journey မှာ နှောင့်နှေးကြန့်ကြာနေကြတာဖြစ်ပါတယ်။
Interview ချိန် ၃၀-၄၀ မိနစ်လောက်အတွင်းမှာ ဘဝရဲ့ game-changer ဖြစ်တဲ့ scholarship တစ်ခုကို အပိုင်ရဖို့ အခွင့်အလမ်းရှိသလို ၊ interview ထိ ပါအောင် အက်ဆေးတွေရေးခဲ့ပြီး logistics တွေ ပြင်ပြီးမှ ကိုယ် ဖြေတာ စနစ်တကျ တည်တည်ငြိမ်ငြိမ်မရှိရင် ကိုယ်ရည်မှန်းချက်နဲ့ လွဲနိုင်ပါတယ်။
Scholarship Interview Panel တွေကို ကိုယ်တိုင် ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံရော၊ Scholars တွေကို coaching လုပ်ခဲ့တဲ့ အတွေ့အကြုံအရ ခြုံငုံပြီးပြောရရင် Scholarship Panel တွေ ရှာဖွေနေတဲ့ Scholar ဆိုတာ “ရိုးရိုးသားသားဖြေတဲ့သူ၊ ရည်မှန်းချက် ရှင်းလင်းပြတ်သားတဲ့သူ၊ အများအကျိုး ကို ဘယ်လို ပြန် အလုပ်အကျွေးပြုမလဲဆိူတဲ့ Civic Mindset ရှိတဲ့သူ၊ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ common sense ရှိတဲ့သူ” ဖြစ်ပါတယ်။ Technically ကတော့ English ကို သေချာ ပြောနိုင်ရမယ်၊ ကိုယ့် ခံစားချက်နဲ့ အမြင်ကို naturally express လုပ်နိုင်တဲ့ English level တစ်ခု ရှိဖို့ လိုပါတယ်။
Scholarship Interview တွေမှာ ပါတဲ့ မေးခွန်း type တွေက Small Talk (Personality Checking); Critical thinking; Mentality ; Problem Solving; Leadership and Civic Mindset ဆိုပြီး အဓိက မေးတဲ့ category တွေပါဝင်တတ်တယ်။
ဖြေပုံဖြေနည်း အရင်ပြောရင် အရမ်းကြီး ဝေ့ပတ်နေတာမျိုး မကြိုက်ကြဘူး။ အမေးရှိလို့ အဖြေရှိတဲ့ ပုံစံပဲ genuine, straightforward, calm, substantive and enthusiastic ပုံစံ ဖြေတာကြိုက်တယ်။ သက်တောင့်သက်သာနဲ့ တက်ကြွရွှင်လန်းနေတဲ့ vibe ကို တည်ဆောက်ထားရမယ်။ အရမ်းကို အနုစိတ်ပေမယ့် အဲဒီ energy မျိုး ကူးစက်ပေးနိုင်ရင် impression ကောင်းကောင်းရနိုင်တယ်။
ဥပမာပေးတဲ့ အနေနဲ့ ဒီ category တွေအောက်မှာ မေးခွန်းတစ်ချ်ု့ မေးပြပေးထားပါတယ်။
ကနဦး စကားစမြည်မေးတဲ့ မေးခွန်းတွေမှာ လေးလေးစားစားပေါ့ပါ့ပါးပါးဖြေပါ။ ဒါဟာ ဘာသဘောမှ မဆောင်တဲ့ အဲဒီအခိုက်အတန့်မှာ သူတို့ စိတ်ထဲပေါ်လာတာကို ကိုယ့်ကို မေးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ သူတို့ဘက်က တစ်လစတည်း interview process ရဲ့ procedure တွေ housekeeping rules တွေကို ပြောပြ ရှင်းပြနေတာလည်း ဖြစ်နိုင်တယ်။ ဒီအဆင့်မှာကတည်းက ကိုယ့်ရဲ့ mission စပြီဆိုတာ မှတ်ပါ။ Attention သေချာထားပြီး ရွှင်ရွှင်ပျပျ လေးလေးစားစား ပြန်ပြောပါ။ Rules and regulations အပိုင်းပြောနေတာဆိုရင်လည်း မရှင်းလင်းတာရှိရင် clarification တောင်းပါ။ electricity and internet connection unstable ဖြစ်တာမျိုးဆို ဘယ်လို mitigate လုပ်မလဲ ဆိုတာမျိုးလည်း confirm လုပ်ထားပါ။
1. Tell me a little bit about yourself.
2. What are your major strengths and weaknesses as a person or professional.
3. Out of many countries, why is this the country of your academic destination?
ဒီမေးခွန်းတွေက အဖြေမတတ်ရင် တစ်ထောင့်တစ်ည ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ genuine personality ကို define လုပ်ထားတဲ့ keyword (s) ကိုယ်မှာ ရှိသင့်တယ်။ အဲဒီ ကိုယ်ရည်ကိုယ်သွေးပိုင်းကိုပဲ ကိုယ့်ရဲ့ social setting or professional setting နဲ့ ချိတ်ဆက်ပြီး ပြောပြတတ်ရမယ်။ အရှည်အလျားကြီး ပြန်ဖြေနေဖို့ထက် ဘယ်အချိန်မှာ ဘယ်လောက်အတိုင်းအတာ ပြောပြီးရင် စကားစကို ရပ်ရမလဲ သိခြင်းကလည်း ပညာဖြစ်တယ်။
ဒီလိုပဲ ကိုယ့် အားသာချက်တွေကိုချည်း လာကြွားနေတာမျိုး Scholarship Body တွေက မကြိုက်ကြဘူး၊ ကိုယ် improve ဖြစ်ဖို့ လိုနေသေးတဲ့ အပိုင်းကို သိထားတယ် ဆိုတာလည်း ချပြပါ။ hard skills ပိုင်း ဆက်စပ်ပြီး ပြောပြ တာ ပိုပြီး reasonable ဖြစ်ပါတယ်။ ဥပမာ - Academic ပိုင်းနဲ့ Professional ပိုင်းမှာ ဆိုရင် သုတေသနလုပ်တာနဲ့ ပတ်သက်ပြီး ကိုယ့်မှာ လေ့လာဖို့ လိုနေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆိုတာမျိုးပေါ့။ ဥပမာပြောတာနော်။
ဥပမာ -
ဒီ Scholarship မရခဲ့ရင် next plan က ဘာလဲ?
မိဘ နဲ့လည်း အခု တူတူမရှိဘူး၊ အခု ပညာရှာဖို့ ပြင်ဆင်တယ်၊ ဒီ ဆုံးဖြတ်ချက်နောက်မှာ ဒီကြားထဲ Family က တစ်ခုခု ဖြစ်လို့ ပြန်မဆုံရင် ဘယ်လို လုပ်မှာလဲ?
Scholarship သွားနေတုန်း အိမ်က အရေးကိစ္စ တစ်စုံတစ်ခုရှိလို့ ကိုယ်က မပြန်လာနိုင်ရင် အဲဒီ အခြေအနေကို ဘယ်လို ရင်ဆိုင်မလဲ?
ဒီနေရာမှာလည်း General problem solving နဲ့ technical problem solving ဆိုပြီး ၂ မျိုးလာနိုင်တယ်။ Technical Problem Solving ကတော့ Master Level လျှောက်မယ့်သူတွေကို ယခင် လုပ်ငန်းအတွေ့အကြုံကို အခြေခံပြီး မေးတာမျိုး ဖြစ်နိုင်တယ်။
- Academic and social culture မတူတဲ့ ရေခံမြေခံမှာ နှစ်အကြာကြီး နေဖို့ ဘာအခက်အခဲတွေ ရှိမယ် ထင်လဲ ? ဘယ်လို ရှင်းမလဲ?
_ မြန်မာနိုင်ငံရဲ့ အခု private banking sector မှာ အတွေ့အကြုံရှိတယ်ပြောတယ်။ အခုက MBA တက်ချင်တယ်ပြောတယ်။ ဒီ Degree Program က နေ ဘာတွေ သင်ဖို့ မျှော်လင့်လဲ။ အခု လက်ရှိ Banking sector မှာ …….issue ရှိပြီဆိုပါစို့။ အဲဒီကိစ္စအပေါ်မှာ causes, effects, possible solutions ကို ဘယ်လိူမြင်လဲ။
- ကျောင်းပြီးရင် ဘာ plan တွေရှိလဲ?
- အဲဒါတွေကို တကယ် အောင်မြင်ဖို့ ဘယ်အရာတွေက အနှောက်အယှက်ဖြစ်နိုင်လဲ?
- ကိုယ့် မြို့ရွာ အတွက် ပြန်လုပ်ပေးချင်တဲ့ ဘာ plan ရှိလဲ?
- Leadership ဆိုတာကို ဘယ်လိုနားလည်လဲ?
- Leadership icon က ဘယ်သူလဲ? ဘာကြောင့် အဲဒီလူကို စံထားတာလဲ?
- သူများ lead လုပ်တဲ့ အချိန်မှာ ကိုယ်က follower အနေနဲ့ အထောက်အပံ့ပေးခဲ့တဲ့ experience ကို ပြောပြပါ။
- ကိုယ်တိုင် အောင်မြင်ခဲ့တဲ့ leadership experience
- ကိုယ် lead လုပ်ခွင့်ရခဲ့ပြီး လိုချင်တဲ့ ရလဒ် မရခဲ့တဲ့ အခြေအနေ
ဒီလောက်ဆို Scholarship Interview ဆိုတာ ဘာမှ ပြင်ဆင်မသွားရင် တည့်တည့်ကြီး ကွဲမယ့်ပွဲဆိုတာ မြင်သာ ပြီလို့ ထင်ပါတယ်။
Interview Stage ကို လျှော့မတွက်ပါနဲ့ ။ အသေအချာ ပြင်ဆင်ပါ။
နောက်ဆုံး ပေးချင်တဲ့ စကားလက်ဆောင်ကတော့
Calm down and
Deliver your best with power.
အားလုံး အဆင်ပြေပါစေ။
All the best, Myanmar Youths! 


CHAN AYE
Bright Institute
No comments:
Post a Comment